လ - ဇန်နဝါရီ 2024

နောက်ထက် ဘက်လိုက်မှု မရှိတော့ပေ

လွန်ခဲ့သောနှစ်များစွာက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့တော် Metropolitan Opera Orchestra သံစုံတူရိယာတီးဝိုင်းအတွက် ပြင်သစ် လေမှုတ်တူရိယာ တီးမှုတ်သူအဖြစ် အရည်အချင်းစစ်ပြိုင်ပွဲသို့ Julie Landsman (ဂျူလီလန်းစ်မန်း) ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည်။ ထိုတီးဝိုင်းသည် ဒိုင်များ၏ဘက်လိုက်မှုကို ရှောင်ရှားရန် အရည်အချင်းစစ်ဆေးမှုကို ကုလားကာနောက်ကွယ်တွင် ကျင်းပခဲ့ကြသည်။ လန်းစ်မန်းသည် အကောင်းဆုံးစွမ်းရည်ပြနိုင်ခဲ့ပြီး ပြိုင်ပွဲအဆုံးတွင် အနိုင်ရရှိခဲ့သည်။ သို့သော် ကုလားကာ ရှေ့သို့ သူမထွက်လာသောအခါ အားလုံးသော အမျိုးသားဒိုင်များမှ ဒိုင်အချို့သည် သူမကို လျစ်လျူရှုကာ အခန်းအနောက်သို့ လျှောက်သွားပြီး အခြားသူတစ်စုံတစ်ယောက်ကို ရှာကြည့်နေပုံထင်ရပါသည်။

ဣသရေလလူမျိုးတို့သည် ရှင်ဘုရင်ကို တောင်းသောအခါ ဘုရားသခင်  သဘောတူခဲ့ပြီး အခြားတိုင်းနိုင်ငံများကဲ့သို့ ရုပ်ရည်ရူပကာကောင်းသူတစ်ဦးကို ရှင်ဘုရင်အဖြစ် ပေးအပ်ခဲ့သည် (၁ ရာ ၈:၅၊ ၉:၂)။ သို့သော်လည်း ရှောလုသည် ဘုရင်အဖြစ် အုပ်ချုပ်သောအစောပိုင်းနှစ်၌ပင် ဘုရားသခင်အပေါ် သစ္စာမရှိ၊ နာခံမှု မရှိခြင်းကြောင့်၊ အခြားသော ရှင်ဘုရင်အသစ်တစ်ပါးကို…

အကျွမ်းမဝင်သော သူစိမ်းနေရာများ

“ဘုရားသခင်၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ ဒါဟာ တကယ်ပဲ ကျွန်ုပ်တို့အတွက် ကိုယ်တော်ရဲ့အကြံအစည်လား။

ပြင်းထန်ကင်ဆာ‌‌ရောဂါဖြစ်နေကြောင်း ‌ဆေးစစ်ချက်အဖြေထွက်လာသဖြင့် စိတ်ပင်ပန်းနေရချိန်၌ ခင်ပွန်းသည်နှင့် ကလေးငယ်တို့၏ ဖခင်တစ်ဦးအနေဖြင့် ထိုကဲ့သို့သော မေးခွန်းများစွာက ကျွန်ုပ်စိတ်၌ တဝဲလည်လည်ဖြစ်နေသည်။ ထို့ပြင် မကြာမီကပင် ကလေးသူငယ်များစွာ သခင်ယေရှုအား သူတို့၏ကယ်တင်ရှင်အဖြစ် ယုံကြည်လက်ခံလာသည်ကို တွေ့မြင်ခဲ့ရသည့် သာသနာပြုအဖွဲ့တစ်ခုတွင် ကျွန်ုပ်၏မိသားစု အစေခံခဲ့သည်။ ဘုရားသခင်သည် သက်သေထင်ရှားသည့် အသီးအပွင့်များကို ယူဆောင်ပေးခဲ့ပြီး ပျော်ရွှင်စရာများနှင့် ပြည့်နှက်နေခဲ့သည်။ သို့ဆိုလျှင် မည်သည့်အတွက်ကြောင့် ထိုကိစ္စဖြစ်လာရသနည်း။

သူမချစ်ရသည့် အိမ်မှ သူစိမ်းနယ်မြေတစ်ခုသို့ ခေါ်ဆောင်ခြင်းခံရပြီးနောက် ဧသတာသည်လည်း ဘုရားသခင်ထံ မေးခွန်းများနှင့် ဆုတောင်းချက်များကို သွန်းလောင်းခဲ့မည်ဖြစ်သည် (ဧသ ၂:၈)။ သူမ မိဘမဲ့ဖြစ်ပြီးနောက် သူမ၏ ဝမ်းကွဲအစ်ကို မော်ဒကဲသည် သူမအား သမီးရင်းသဖွယ် ပြုစုပျိုးထောင်ခဲ့သည် (:၇)။ ထို့နောက် သူမသည် ဘုရင်၏အပျိုတော်အဖြစ် ရွေးချယ်ခံရကာ နောက်ဆုံးတွင် မိဖုရားအဖြစ်…

နားကြားခြင်းငှာ လျင်မြန်သော

ခင်မင်ရသည့်  မိတ်ဆွေတစ်ဦးက ကျွန်မအပေါ် စွပ်စွဲပြောဆိုချက်များကို တုံ့ပြန်ချေပရန် ကျွန်မပါးစပ်ကို ဟလိုက်စဉ် ကျွန်မ၏နှလုံးခုန်နှုန်းမြန်လာသည်။ အွန်လိုင်းပေါ်တွင် ကျွန်မတင်ခဲ့သည့်အကြောင်းအရာက သူမရည်ညွှန်းပြောဆိုသကဲ့သို့ သူမနှင့်ဆက်စပ်ပတ်သက်မှု လုံးဝမရှိပါ။ သို့သော် ကျွန်မ မတုံ့ပြန်မီ တီးတိုးဆုတောင်းခဲ့သည်။ ထို့နောက် ကျွန်မ ငြိမ်သက်မှုရရှိလာပြီး သူမပြောနေသည့်အရာ၊ သူမ၏စကားလုံးများနောက်ကွယ်မှ နာကျင်ခံစားနေရမှုကို ကြားလာရသည်။ အပေါ်ယံထက် ပိုမိုနက်နဲသည့်ကိစ္စဖြစ်ကြောင်း သိသာပါသည်။ ကျွန်မမိတ်ဆွေသည် နာကျင်ခံစားနေရပြီး သူမ၏ဝေဒနာ သက်သာစေ‌ရေး ကူညီပေးရန် ကျွန်မဆုံးဖြတ်လိုက်သည့်အခါ ကိုယ့်ကိုကိုယ် ကာကွယ်ရန်လိုအပ်သည့် အခြေအနေက ပျောက်ကွယ်သွားသည်။ 

သူမနှင့်စကားပြောနေစဉ်အတွင်း ယနေ့ဖတ်ရန် ကျမ်းချက်မှ “ခပ်သိမ်းသောသူတို့သည် နားကြားခြင်းငှာ လျင်မြန်ကြစေ။ စကားပြောခြင်းငှာ ...၊ အမျက်ထွက်ခြင်းငှာ ... နှေးကြစေ” (ယာ ၁:၁၉) ဟူသည့် ရှင်ယာကုပ်၏တိုက်တွန်းချက်၏ ဆိုလိုရင်းကို ကျွန်မ သိနားလည်ခဲ့ရသည်။ နားထောင်ခြင်းက စကားလုံးများနောက်ကွယ်ရှိ အကြောင်းချင်းရာကို ကျွန်မတို့အား ကြားစေပြီး၊ “ဘုရားသခင်၏…

အပိုင်းအစများမှ အလှတရားဆီသို့

ကျွန်တော့်ဇနီး မစ်ကာ (Miska) ၌ အီသီယိုးပီးယားမှ ဆွဲကြိုးတစ်ကုံးနှင့် နားကပ်များရှိသည်။ ထိုပစ္စည်းများ၏ စွဲမက်ဖွယ်ရိုးရှင်းလှပမှုက စစ်မှန်သည့်အနုပညာလက်ရာကို ပုံဖော်လျက်ရှိပြီး အံ့သြစရာအကောင်းဆုံးအချက်မှာ ၎င်းတို့၏နောက်ခံဇာတ်လမ်းဖြစ်သည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သော ကြမ်းကြုတ်ရက်စက်သည့် ပဋိပက္ခများနှင့် ပြည်တွင်းစစ်ကြောင့် အီသီယိုးပီးယားနိုင်ငံ၏ပထဝီမျက်နှာပြင်သည် ပစ်ခတ်ပြီးသား အမြောက်ကျည်ဆန်ခွံများ၊ ယမ်းတောင့်ခွံနှင့် ပြန့်ကျဲလျက်ရှိသည်။ မျှော်လင့်ခြင်းပြယုဂ်အနေဖြင့် နိုင်ငံသားများသည် ကျည်ခွံအကြွင်းအကျန်အစအနများကို ဖယ်ရှားကာ စစ်တလင်းမြေပြင်ကို ရှင်းလင်းခဲ့ကြသည်။ လက်မှုအတတ်ပညာရှင်များက အမြောက်ဆန်ခွံနှင့် ယမ်းတောင့်ခွံအစအနများဖြင့် လက်ဝတ်ရတနာများလုပ်ကြသည်။

ထိုအကြောင်းကို ကျွန်ုပ်ကြားရသည့်အခါ ဘုရားသခင်၏ ကတိတော်ကို ရဲဝံ့စွာ ဟောပြောသည့် ပရောဖက်မိက္ခာ၏အသံကို ကြားယောင်မိသည်။ တစ်နေ့တွင်“ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံစဉ်းဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြလိမ့်မည်” ဟု သူကြေညာခဲ့သည် (၄:၃)။ ဘုရား သခင်၏တန်ခိုးကြီးသော လုပ်ဆောင်မှုကြောင့် လူတို့အား သတ်ဖြတ်ရန်နှင့် ပြင်းထန်စွာဒဏ်ရာရစေရန် ရည်ရွယ်ထုတ်လုပ်ထားသည့် လက်နက်များကို လူ့ဘဝအား ကောင်းကျိုးဖြစ်စေမည့် ကိရိယာတန်ဆာပလာများအဖြစ်သို့ ပြောင်းလဲလိုက်မည်။…

မှန်ကန်သည့်အာရုံစူးစိုက်မှု

(Kha)ကို ကျွန်မတို့ သိကျွမ်းသည်မှာ တစ်နှစ်ကျော်ပြီဖြစ်သည်။ ဘုရားသခင်အကြောင်း ကျွန်မတို့ သင်ယူလေ့လာခဲ့ရသည်များကို အပတ်စဉ်ဆွေးနွေးကြသည့် အသင်းတော်ရှိ ကျွန်မတို့၏အဖွဲ့ငယ်ထဲတွင် သူပါဝင်ခဲ့သည်။ ကျွန်မတို့ ပုံမှန်တွေ့ဆုံကြသည့် တစ်ညနေတွင် အိုလံပစ်ပြိုင်ပွဲ၌ သူပါဝင်ယှဉ်ပြိုင်ခဲ့သည့်အကြောင်းကို သူပြောပြသည်။ သူ၏ပြောဆိုမှုမှာ အမှတ်တမဲ့ဖြစ်လွန်းသည့် အတွက် ကျွန်မမေ့ပျောက်လုနီးပါးဖြစ်ခဲ့သည်။ အိုလံပစ်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ကြေးတံဆိပ်ဆုရရှိခဲ့သူတစ်ဦးနှင့် သိကျွမ်း‌ကြောင်း သိရှိခဲ့ရသည်မှာ အံသြစရာပင်ဖြစ်သည်။ ဤအကြောင်းကို သူအရင်က မပြောပြခဲ့သည်ကို ကျွန်မနားမလည်နိုင်ပါ။ အတွက်မူ သူ၏အားကစားဆိုင်ရာအောင်မြင်မှုသည် သူ့ဘဝဇာတ်‌ကြောင်း၏ အထူးအစိတ်အပိုင်းတစ်ရပ် ဖြစ်ခဲ့သော်လည်း သူ၏မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် သူ၏ယုံကြည်ခြင်း စသည့် ပိုမိုအရေးပါသော အရာများက သူ၏ဖြစ်တည်မှုအတွက် အဓိကအမှတ်လက္ခဏာများ ဖြစ်ပေသည်။

ရှင်လုကာခရစ်ဝင် ၁၀:၁-၂၃ ပါ ဇာတ်လမ်းသည် ကျွန်မတို့၏ အဓိက အမှတ်လက္ခဏာသည် မည်သည့်အရာ ဖြစ်သင့်ကြောင်းကို ဖော်ပြထားသည်။ ဘုရားသခင်၏ နိုင်ငံတော်အကြောင်း ကြေညာဟောပြောရန် သခင်ယေရှုစေလွှတ်ခဲ့သည့်…